ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၁-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၅--၂၀၂၀)ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကဂွနက်/ရိုးရိုး(၅၀၀၀/-)ကျပ်စျေးတက်ပြီး နှမ်းနက်(စမုံ)(၅၀၀၀/-)၊နှမ်းဖြူ(မကွေး) (၄၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀/-)(၂၀၀၀/-) ၊နှမ်းနီ(၄၀၀၀/-)ကျပ်  စျေးကျကာ ကျန်နှမ်းစျေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၅--၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ(929) (၅၀၀/) ကုလားပဲ(HL)(၅၀၀/-)၊ ပဲစဉ်းငုံ(သစ်) (၈၀၀/-)၊ မတ်ပဲ (၁၅၀၀/-)ကျပ်စျေးကျကာ ပဲတီစိမ်း(၄၀၀/-)၊ ပဲထောပတ်(၂၀၀/-)၊ စားတော်ပဲ (၅၀၀/) ကျပ်စျေးတက်ပြီးကျန်ပဲမျိုးစုံစျေးများအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၅--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံဖြူ(လိုင်း)(၁၀၀/-) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)(၂၀၀/-)၊  မြေပဲလုံးဆံနီ (လိုင်း)(၁၀၀/-)ကျပ်စျေးကျကာ၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၅..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀/-) ကျပ်စျေးကျပြီး နှမ်းဆီ၊မြေပဲဆီ စျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။